BIM Career Academy — Tokyo, Japan

ဂျပန်မှာ သင့်ရဲ့ BIM Career ကို ဒီကနေ စလိုက်ပါ

တိုကျိုအခြေစိုက် BIM Specialist တစ်ဦးက Revit၊ BIM workflow နဲ့ ဂျပန် BIM လက်မှတ်စာမေးပွဲ ပြင်ဆင်မှုကို မြန်မာဘာသာနဲ့ တိုက်ရိုက် သင်ကြားပေးပါတယ်။

300+ သင်တန်းသား · 2023 မှ စတင် · Tokyo အခြေစိုက်

သင်တန်းများ

Revit အခြေခံမှ ACSP BIM လက်မှတ်စာမေးပွဲအထိ၊ ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တကယ်သုံးတဲ့ စံနှုန်းတွေနဲ့ သင်ကြားပါတယ်။

သင်ကြားသူ

Aung Zin portrait

Aung Zin

BIM Specialist · Founder & Lead Instructor

မကွေးမြို့ဇာတိ Aung Zin ဟာ တိုကျိုအခြေစိုက် BIM Specialist တစ်ဦးဖြစ်ပြီး ဂျပန်ဒီဇိုင်းလုပ်ငန်းခွင်ရဲ့ Design Department မှာ ၉ နှစ်ကျော် လုပ်ကိုင်ခဲ့ပါတယ်။ Architecture၊ Civil Engineering၊ BIM နဲ့ 3D Visualization နောက်ခံ ရှိပါတယ်။

2023 ခုနှစ် ဩဂုတ်လမှာ ARCHVISPRO ကို တည်ထောင်ခဲ့ပြီး ဂျပန်လုပ်ငန်းခွင်မှာ တကယ်လိုအပ်တဲ့ BIM အသိပညာကို မြန်မာအင်ဂျင်နီယာတွေ နားလည်လွယ်အောင် မြန်မာဘာသာနဲ့ ကိုယ်တိုင် သင်ကြားပေးနေပါတယ်။ အခုဆိုရင် သင်တန်းသား ၃၀၀ ကျော်ကို လမ်းပြပေးခဲ့ပြီး ဖြစ်ပါတယ်။

9+နှစ် ဂျပန်လုပ်ငန်းခွင်
2023ARCHVISPRO တည်ထောင်
300+သင်တန်းသားများ
  • BSI BIM Project Information PractitionerBSI Certified
  • Autodesk Revit Certified UserAutodesk Certified
  • BIM利用技術者試験 2級 · 準1級 合格ACSP
  • BIMクリエイター試験 合格Japan BIM Association (日本BIM協会) · 2025

ကျောင်းသားများရဲ့ အတွေ့အကြုံ

RBTI — Revit Basic to Intermediate သင်တန်းသားများရဲ့ စကားသံများ။

ARCHVISPRO students
တကယ် တက်ရကျိုးနပ်တဲ့ သင်တန်းလေး ဖြစ်ခဲ့ပါတယ်။
Revit အတွက် confidence တစ်ခု ပြန်လည် ရရှိနိုင်ခဲ့ပါတယ်။
အလုပ်လျှောက်တဲ့အခါ ပိုပြီး ယုံကြည်မှုရှိလာစေတဲ့ သင်တန်းပါ။

ဆက်သွယ်ရန်

သင်တန်းအကြောင်း မေးမြန်းလိုပါက email သို့မဟုတ် Facebook မှတဆင့် ဆက်သွယ်နိုင်ပါတယ်။

‹ သင်တန်းများသို့ ပြန်သွားရန်
ARCHVISPRO
RBTI
Batch 8

Revit Basic to Intermediate

ဂျပန်နိုင်ငံရှိ အနာဂတ် BIM ပညာရှင်များအတွက် Autodesk Revit သင်တန်း။ Batch 1 မှ 7 အထိ အောင်မြင်စွာ သင်ကြားပေးခဲ့တဲ့ အတွေ့အကြုံများဖြင့် ဂျပန်လုပ်ငန်းခွင် လက်တွေ့သုံး RBTI Batch 8 ကို ဖွင့်လှစ်ထားပါတယ်။

ဘာကြောင့် RBTI လဲ

ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် (Construction Industry) မှာ BIM နည်းပညာက မရှိမဖြစ် အရေးပါလာသလို၊ အရည်အချင်းပြည့်မီတဲ့ BIM Modeler / Engineer တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း သိသိသာသာ မြင့်တက်နေပါတယ်။

ဒါပေမဲ့ "ဂျပန်လုပ်ငန်းခွင်မှာ ဘယ်လို အသုံးချနေလဲ" ကို သေချာမသိလို့ အလုပ်လျှောက်ဖို့ တွန့်ဆုတ်နေသူတွေအတွက် ဒီသင်တန်းကို ဖန်တီးထားပါတယ်။

သင်တန်း တက်ရောက်သင့်သူများ

  • ဂျပန်ရှိ ဆောက်လုပ်ရေးလောကမှာ BIM Modeler / Design Assistant အဖြစ် Career ပြောင်းလဲ သို့မဟုတ် တိုးတက်လိုသူများ
  • ဂျပန် Version ဖြင့် Revit ကို အခြေခံမှစ၍ စနစ်တကျ လေ့လာထားလိုသူများ
  • Software အသုံးပြုရုံတင်မကဘဲ ဂျပန် BIM Work Process တစ်ခုလုံးကို စနစ်တကျ နားလည်လိုသူများ
  • ပညာရပ်တစ်ခုကို အချိန်တိုအတွင်း ထိရောက်စွာ လေ့လာထားလိုသူများ

သင်တန်းပြီးဆုံးပါက ရရှိမည့် အကျိုးကျေးဇူးများ

  1. Standard Modeling
    Japan Version အသုံးပြု၍ Modeling စနစ်တကျ ပြုလုပ်နည်းများကို ကျွမ်းကျင်ခြင်း
  2. Documentation
    Drawing Document နှင့် Schedule များ အဆင့်ဆင့် ထုတ်ယူနည်းကို တတ်မြောက်ခြင်း
  3. Software Mastery
    Revit Tools အားလုံးကို လုပ်ငန်းခွင်သုံးအဆင့်ထိ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်း
  4. Professional Workflow
    ဂျပန် BIM လုပ်ငန်းခွင်ရဲ့ Workflow နှင့် တာဝန်ယူမှုအပိုင်းများကို နားလည်သဘောပေါက်ခြင်း
  5. Career Support
    Portfolio ပြင်ဆင်ခြင်းနှင့် Job Interview အကြံဉာဏ်များကို အခမဲ့ ရရှိနိုင်ခြင်း

သင်ကြားမှုပုံစံ

Live Seminarစနေ・တနင်္ဂနွေတိုင်း Zoom မှတစ်ဆင့် တိုက်ရိုက် ဆွေးနွေးသင်ကြား
Telegram GroupDay အလိုက် Recording ဗီဒီယိုများ တင်ပေးလို့ အချိန်မရွေး ပြန်လေ့ကျင့်နိုင်
Video ကြည့်ရှုနိုင်ချိန်၂ နှစ်အထိ ပြန်လည် ကြည့်ရှုနိုင်

သင်တန်း အသေးစိတ်

စတင်ရက်2026 ဩဂုတ် 16 (တနင်္ဂနွေ)
အချိန်စနေ・တနင်္ဂနွေ ည 20:00 – 21:00 (JST)
သင်တန်းကာလ၃ လခန့် (26 Days)
SoftwareAutodesk Revit (ဂျပန် Version)
သင်ကြားမှု ဘာသာမြန်မာဘာသာ

သင်တန်းကြေး

ပုံမှန် (Tax အပါ)¥30,000
Early Bird — ပထမ ၁၀ ဦး¥27,000ပြည့်သွားပါပြီ
ဒုတိယ ၁၀ ဦး¥28,000

ဂျပန်နိုင်ငံရဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ BIM နယ်ပယ်မှာ
ခိုင်မာတဲ့ Career တစ်ခုကို ယုံကြည်ချက်ရှိရှိ စတင်လိုက်ပါ။
BIM入門:あなたのキャリアの扉を開く

Batch 8 ကို ဩဂုတ် 16 မှ စတင် သင်ကြားနေပါပြီ။ နောက် Batch အကြောင်း Messenger မှ "RBTI" ဟု စာပို့ပြီး မေးမြန်းနိုင်ပါတယ်။

ARCHVISPRO
BIM 2級
Batch 3

BIM利用技術者試験 2級

စာမေးပွဲအောင်ရုံတင်မကဘဲ Career တစ်ခုလုံးအတွက် ခိုင်မာတဲ့ အုတ်မြစ်ချကြမယ်။

ဘာကြောင့် 2級 လိုသလဲ

ဂျပန်နိုင်ငံမှာ BIM အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာတဲ့ ဒီနေ့ခေတ်မှာ BIM利用技術者試験 2級 လက်မှတ်က အရေးပါတဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ BIM 準1級 နဲ့ 1級 ကို ဆက်သွားဖို့အတွက်လည်း ဒီလက်မှတ် လိုအပ်ပါတယ်။

ဘယ်လို လမ်းပြပေးမလဲ

စာမေးပွဲအောင်ဖို့ တစ်ခုတည်းကို ဦးတည်တာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ Work Flow တွေ၊ BIM ရဲ့ နက်နဲတဲ့ သဘောတရားတွေကို လက်တွေ့ကျကျ နားလည်ပြီး Professional တစ်ယောက်အဖြစ် ယုံကြည်မှုရှိရှိ ရပ်တည်နိုင်ဖို့ အနီးကပ် လမ်းပြပေးမှာ ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်း

建築BIM Basic-1 စာအုပ်ကို အခြေခံပြီး Process တစ်ခုချင်းစီမှာ BIM ကို ဘယ်လို အသုံးချရမလဲဆိုတာ ၂ လအတွင်း နှံ့နှံ့စပ်စပ် သင်ကြားပေးပါမယ်။

  1. 企画
  2. 設計
  3. 施工
  4. 運営
  5. 維持管理

သင်ကြားမှုပုံစံ

Live Seminarတနင်္ဂနွေတိုင်း
Video Seminarဗုဒ္ဓဟူး / သောကြာတိုင်း
Telegram ChannelVideo Records များကို Day အလိုက် သေချာ တင်ပေးပါမယ်

သင်တန်း အသေးစိတ်

စတင်ရက်2026 8月16日 (တနင်္ဂနွေ)
အချိန်ည 10:00 PM (JST)
ကြာမြင့်ချိန်၂ လခန့်
သင်ကြားမှု ဘာသာမြန်မာဘာသာ
သင်တန်းသားအရည်အသွေးကို အဓိကထားတဲ့အတွက် အရေအတွက် ကန့်သတ် လက်ခံပါတယ်

သင်တန်းကြေး

ပုံမှန်¥28,000
Early Bird — ပထမ ၁၀ ဦး¥26,000ပြည့်သွားပါပြီ

“BIM သိထားရင် ကောင်းတယ်” ခေတ်ကနေ
“BIM မသိရင် အလုပ်လုပ်လို့ မရတော့ဘူး” ခေတ်ထဲ ရောက်နေပါပြီ။
စောစောသိ၊ စောစောလေ့လာ၊ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်လိုက်ပါ။

Batch 3 ကို 8月16日 မှ စတင် သင်ကြားနေပါပြီ။ ဒီ Batch ပြီးရင် နောက် Batch အတွက် ၄ လခန့် စောင့်ရပါမယ်။ Messenger မှ တိုက်ရိုက် မေးမြန်း စာရင်းပေးသွင်းနိုင်ပါတယ်။

ARCHVISPRO
BIM 準1級
Batch 02

BIM利用技術者試験 準1級

ကြိုတင်ပြီး ပြင်ဆင်ထားလိုသူများအတွက်။ 2027 September 試験 ကို ရည်မှန်းပြီး အခုကတည်းက စတင် ပြင်ဆင်နိုင်မယ့် Batch 02 စာရင်းသွင်းမှု ဖွင့်ထားပါပြီ။

ဘယ်သူတွေအတွက်လဲ

  • ACSP BIM 2級 ရပြီးသားသူ၊ ဒါမှမဟုတ် ဖြေဖို့ ပြင်ဆင်နေသူ
  • Revit ကို Basic–Intermediate အထိ သုံးတတ်ပြီးသားသူ
  • 2027 September 試験 ကို ဖြေဆိုရန် ရည်မှန်းထားပြီး ကြိုတင် ပြင်ဆင်ထားလိုသူ
  • လုပ်ငန်းခွင်မှာ BIM ကို တကယ် အသုံးချနိုင်ဖို့ ကြိုးစားနေသူ

ဘာကြောင့် 準1級 လိုသလဲ

準1級 ဆိုတာ Certificate တစ်ခုတင် မဟုတ်ပါဘူး — ဂျပန် Construction လောကမှာ တကယ်လိုအပ်ပြီး အသုံးချနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။

  1. 図面通りのBIMモデル作成
    2D 図面 ကို အတိအကျ ကြည့်ပြီး မှန်ကန်တဲ့ BIM Model တည်ဆောက်နိုင်တဲ့ နည်းပညာ
  2. BIMモデルからの図面抽出
    BIM Model ထဲမှ Drawing တွေကို မှန်ကန်စွာ ထုတ်ယူနိုင်တဲ့ နည်းပညာ
  3. 2026年4月からのBIM IFC確認申請
    2026年4月 ကနေ ဂျပန်မှာ BIM IFC Format ဖြင့် 確認申請 တင်သွင်းရတဲ့ System သစ်ကို နားလည်ပြီး တကယ် လိုက်လုပ်နိုင်တဲ့ Level

သင်တန်း အသေးစိတ်

စတင်မည့်ရက်2026 November 1 (တနင်္ဂနွေ)
ကာလ၂.၅ လခန့်
အချိန်စနေ・တနင်္ဂနွေ 16:00 – 17:30 JST
RecordingTelegram Channel — Zoom Recording ပြန်ကြည့်နိုင်
DiscussionMessenger Group
DecemberRest (日本カレンダー通り)
ကန့်သတ်၅၀ ဦးသာ

試験近く対応

Batch 02 ကျောင်းသားအားလုံးကို 2027 September 試験 မတိုင်မီ Final Discussion Session များ သီးသန့် ပြုလုပ်ပေးသွားပါမည်။

သင်တန်းကြေး

သင်တန်းကြေး¥42,000
Early Bird — ပထမ ၁၀ ဦး¥38,000

ကြိုးစားချင်တဲ့ ဆန္ဒရှိရင် လာခဲ့ပါ။
November 1 starts with or without you.
是非参加お待ちしております!

Messenger သို့ အခုပဲ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

ARCHVISPRO
Student
Reviews

ကျောင်းသားများရဲ့ အတွေ့အကြုံ

ARCHVISPRO students
ပုံသရုပ်ဖော်

RBTI — Revit Basic to Intermediate

စာသင်ချိန်တိုင်းက အရမ်းတန်ဖိုးရှိခဲ့ပါတယ်။ ပညာကို မျှဝေယုံသာမက စာအသင်အပြ ကောင်းပြီး ရှင်းပြချက်တွေက အချိတ်အဆက်မိလို့ နားလည်ရ လွယ်ကူပါတယ်။ သင်ရိုးရဲ့ စနစ်ကျမှုကြောင့် ကိုယ်တိုင်ဆွဲခဲ့တဲ့ project ၄ ခုနဲ့အတူ အသေးစိတ် တစ်ခုချင်း ရှင်းလင်းချက်တွေလည်း သေချာ ရရှိနိုင်ခဲ့ပါတယ်။ Revit အတွက် confidence တစ်ခု ပြန်လည် ရရှိနိုင်ခဲ့ပါတယ်။ 誠にありがとうございました。

စိတ်အားထက်သန်စွာနဲ့ စေတနာပါပါ ရှင်းပြပေးတဲ့အတွက် မရပ်တန့်ချင်တဲ့ သင်ယူစိတ် ဖြစ်ပေါ်မိပါတယ်။ အဲဒီစိတ်ကို အရမ်း တန်ဖိုးထားပါတယ်။ Revit software ကို ကျွမ်းကျွမ်းကျင်ကျင် သင်ပြပေးပြီး portfolio ပြင်ဆင်နည်းလေးတွေ ပြောပြပေးတာက သင်တန်းသားတွေအတွက် အရမ်း အသုံးဝင်ပြီး အကျိုးရှိတယ်လို့ ထင်မြင်မိပါတယ်။

ဆရာပြောပြတာ မှန်သမျှ အားလုံးက တန်ဖိုးရှိပါတယ်။ အသေးစိတ် သင်ပြမှုနဲ့ အလုပ်လုပ်ရာမှာ သိထားသင့်တဲ့ အကြောင်းအရာတွေပါ ပြောပြပေးပါတယ်။

သင်တန်းကာလမှာ knowledge တော်တော်များများ သိခွင့်ရပြီး လက်တွေ့ လုပ်ဆောင်ခွင့် ရတဲ့အတွက် ကျွန်မအတွက်တော့ Revit သင်တန်းတစ်ခုလုံးက အဖိုးတန်ပါတယ်။

ဆရာ့ရဲ့ သင်ပြမှု အရမ်းကောင်းတော့ သေချာလည်း လိုက်လုပ်ဖြစ်ခဲ့ပါတယ်။ တကယ် တက်ရကျိုးနပ်တဲ့ သင်တန်းလေး ဖြစ်ခဲ့ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်ရှင့်။

ဆရာနဲ့ communication လုပ်ရတာ လွယ်ကူခြင်း၊ လူငယ်ဆန်ပြီး ခေတ်မီတဲ့ သင်ကြားရေးနည်းစနစ် ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာ BIM နဲ့ပတ်သက်ပြီး ရလဒ်တစ်ခု၊ Level တစ်ခု ရောက်သွားတယ်လို့ ခံစားရပါတယ်။ Portfolio presentation နဲ့ပတ်သက်ပြီး idea ပေးတာလည်း အရမ်း သဘောကျပါတယ်။

Software ပိုင်းသာမက လက်ရှိ ဂျပန် BIM လုပ်ငန်းခွင်ရဲ့ သဘောတရားတွေပါ သိခွင့်ရပါတယ်။ Portfolio လည်း လက်တွေ့ ပြင်ရပြီး လုပ်ငန်းခွင်ရဲ့ Work Flow knowledge ပါ သိရတဲ့အတွက် အလုပ်လျှောက်တဲ့အခါလည်း ပိုပြီး ယုံကြည်မှုရှိလာစေတဲ့ သင်တန်းပါရှင့်။

ဆရာ့ရဲ့ လက်တွေ့အတွေ့အကြုံက ရလာတဲ့ အသိပညာတွေ sharing လုပ်ပေးတာ တကယ် အကျိုးရှိခဲ့ပါတယ်။ (ဥပမာ — BIM ဆွဲတတ်ရင်တောင် လွယ်ကူမြန်ဆန်အောင် ဘယ် tool တွေ သုံးရမယ်ဆိုတာ လူတိုင်းမသိတဲ့ အရာတွေကို သင်ခွင့်ရတာမျိုးပါ။)

BIM ရဲ့ 情報 က ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကိုလည်း သိခဲ့ပါတယ်။ Modelling တည်ဆောက်တာအပြင် 情報 ကိုပါ ထည့်သွင်းထားခြင်းဖြင့် အချက်အလက်တွေကို သေချာလေး 保存 လုပ်နိုင်တယ်ဆိုတာ သိခဲ့ရတဲ့အတွက် အလွန် တန်ဖိုးရှိပါတယ်။

Revit သာမက တခြားသော သင်တန်းသားများရဲ့ အတွေးအမြင်များပါ လေ့လာခွင့် ရခဲ့ပါတယ်။

အပြန်အလှန် လေးစားမှု ရှိတဲ့ သင်တန်းလေး ဖြစ်ပါတယ်။

Tools တစ်ခုချင်းစီကို အရင် မသင်ကြားဘဲ Project ၃ ခု ဆွဲပြီးမှ Tools တစ်ခုချင်းစီ Detail ပြန်သင်ကြားပေးခဲ့တဲ့အတွက် မှတ်သားရတာ ပိုပြီး လွယ်ကူစေခဲ့ပါတယ်။

စာပို့ရန်